ဘေးအိမ်က ကောင်လေးအကြောင်း အိပ်မက်မက်တဲ့ ကောင်မလေး
အစောပိုင်းမှာ သူက ရင်မရှိတဲ့ ကောင်မလေး၊ အဝါရောင်ဆံပင်ကောက်ကောက်နဲ့ တင်းတိတ်တွေပေါက်နေတဲ့ ခြေထောက်ပိုင်ရှင်။ ပြီးနောက် အသက် ၁၂ နှစ် သို့မဟုတ် ၁၃ နှစ်ပြည့်ရော။ အသက် ၁၅ နှစ် ကောင်လေးက သူ့ရင်သားတွေကို စိုက်ကြည့်နေတယ်။ ရင်သားတွေက မက်မန်းသီးလောက်လေး၊ ခပ်သေးသေးတွေ။ ဒါပေမဲ့ အသက်ရှူသွင်းလိုက်တိုင်း မောက်မောက်လာတတ်တယ်။ ‘သစ်ပင်အထိ နင်နဲ့ ပြိုင်ပြေးမယ်’ လို့ ကောင်မလေးက ပြောတယ်။ ကောင်လေးက တောက်ပသထက်တောက်ပလာတဲ့ ကောင်မလေးရဲ့ တင်းတိတ်ရှိတဲ့ ခြေထောက်တွေကို ကြည့်နေတယ်။ ‘ငါနဲ့အတူ အပင်တက်မယ်’ လို့ ကောင်မလေးက ပြောပေမယ့် သူက ခေါင်းခါပြတယ်။ဘောက်ဘတ်တွေက သစ်ပင်ပေါ် တက်နေပြီး သစ်ရွက်တွေမှာ ပိုးမျှင်တွေနဲ့ အသိုက်ဆောက်ကြတယ်။ ဘောက်ဖတ်တစ်ကောင်က ကောင်မလေးခြေထောက်ပေါ်တက်နေတယ်။ ကောင်မလေးက ဘောက်ဖတ်တရွရွ တက်လာတာကို ကြည့်ပြီး သူတွင်းသားမှာ သံချေးရောင်အကွက်တစ်ကွက်ကို မြင်လိုက်တယ်။ ပြီးတော့ ပေါင်ကြားမှာ စေးကပ်ကပ်ဖြစ်လာတယ်။ သူ ကောင်လေးကို လှမ်းကြည့်လိုက်တော့ ကောင်လေးက ပြေးထွက်သွားပြီ။ သောက်ကြောက်ကောင် လို့ ကောင်မလေးက ကောင်လေးကို လှမ်းခေါ်လိုက်တယ်။

အဲ့ဒီညမှာ ကောင်မလေးဟာ သူ့အိပ်ရာထဲ ပေါက်ဖက်တွေရှိနေတယ်လို့ အိပ်မက်မက်တယ်။ ဘောက်ဖတ်တွေက သူ့ ပြောင်သလင်းနေတဲ့ ခြေထောက်၊ ဗိုက်သားနဲ့ ရင်သားတွေပေါ် တရွရွတက်တယ်။ ဘောက်ဖတ်တွေက သူ့တစ်ကိုယ်လုံးကို ပိုးမျှင်တွေနဲ့ရစ်ပတ်ပြီး တစ်ကိုယ်လုံး ချည်မျှင်တွေနဲ့ လုံးထွေးနေတာကို ကြည့်နေရတယ်။ ကနဦးမှာ ရုန်းသေးတယ်။ လက်တွေ၊ ခြေထောက်တွေ၊ နှုတ်ခမ်းတွေကို လှုပ်ကြည့်သေးတယ်။ဘောက်ဖတ်တွေက သူ့ကို တစ်မျှင်ချင်းကို ရစ်ပတ်ပြီး နောက်ဆုံး ကောင်မလေးတစ်ကိုယ်လုံး လုံးဝန်း၊ နူးညံ့စိုစွတ်သွားတဲ့အထိပဲ။ ကောင်လေးက သူ့ကို စိုက်ကြည့်နေတယ်။ တော်ပါတော့၊ ကျေးဇူးပြုပြီး တော်ပေါတော့ လို့ ကောင်မလေးက အော်ပေမယ့် ဘာသံမှ ထွက်မလာခဲ့ဘူး။ ဘောက်ဖတ်တွေက သူ့ခန္ဓာကိုယ် တစ်ခုလုံး နေရာမလပ်ကျန်အောင် တရွရွတက်လာပြီး သူ့ကိုယ်ကထွက်တဲ့ အဆီနဲ့ ချွေးစက်တွေကို စားသောက်၊ တစ်ချိန်တည်းမှာပဲ သူတို့ခန္ဓာကိုယ်တွေ ပေါက်ထွက်ပြီး ကောင်မလေးရဲ့ အသားအရေအရောင်ဖြစ်တဲ့ ဖြူဖျော့ဖျော့ တောက်ပတဲ့ တောင်ပံတွေ၊ ကောင်မလေးဆံပင်ရောင်ဖြစ်တဲ့ အဝါရောင် တောင်ပံ့တွေ၊ ကောင်မလေးရဲ့ သွေးအရောင်ဖြစ်တဲ့ ကြက်သွေးရောင် တောင်ပံတွေနဲ့ ပျံတက်လို့ ညကြီးမင်းကြီးမှာ တဖျတ်ဖျတ်ခတ်၊ သက်ပျင်းတဟင်းဟင်းချ၊ တဝှီးဝှီးနေကြတာပေါ့။







