The short history of indigenous comedy 

မူလတိုင်းရင်းသားမျိုးနွယ်အသောဇာတ် သံခိပ်


မူလတိုင်းရင်းသားမျိုးနွယ်အသောဇာတ် သံခိပ်
______________

ရယ်စရာကောင်းတယ်ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို လူတွေက ထိန်းချုပ်ဖို့ လုပ်တဲ့အခါတိုင်း ကျွန်တော် ရယ်လေ့ရှိတယ်။ ဒီဟာက ကျွန်တော့်အတွက် ရယ်စရာကောင်းတယ်လို့ ပြောနိုင်လောက်အောင် ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေလဲ။ ကျွန်တော့်အမေ ရက်လည်မှာ အခေါင်းနဲ့ ပေနှစ်ဆယ်လောက်အကွာ ကျွန်တော် မောင်နှမတစ်ဝမ်းကွဲတွေနဲ့ ကျွန်တော် လူသားမျိုးနွယ်နဲ့အပြိုင် ဖဲရိုက်ကြတယ်။ အိုး ဘုရားရေ တကယ့်ကို ရိုင်းစိုင်းလှပြီး ကာလဌာနနဲ့မသင့်တော်တဲ့ ဟာသတွေကို ကျွန်တော်တို့ အားပါးတရရယ်ခဲ့ကြပါလား။ ကျွန်တော်က မျက်ရည်စီးကြောင်း ကတ်ကို ကိုင်ပြီး ကျွန်တော့် ဝမ်းကွဲတစ်ယောက်က လူမျိုးပြုတ် ကတ်ကို ကိုင်တယ်။
​သူ့အခေါင်းထဲမှာ အမေက ဆုတံဆိပ်တွေကို ပုတီးလုံးလိုတွဲစက်ထားတဲ့လည်ဆွဲကို ဆွဲထားတယ်
မိသားစုအရောင်တွေပေါ့


(ကြေကွဲမှု)
သူတို့ဘာဆိုတာ
ခင်ဗျားကို ကျွန်တော် မပြောပြဘူး


(ကြေကွဲမှု)
နာမည်ကြီး အင်ဒီယန်းတစ်ဦးက ကျွန်တော့်ကို လျှို့ဝှက်ချက်တချို့ လူမသိအောင်ထားစေချင်တယ်။

(ကြေကွဲမှု)
ဒါပေမဲ့ ကျွန်တော့်အမေရဲ့ ဆုတံဆိပ်လည်ဆွဲက သိပ်လှလွန်းလို့ အမေ ကောင်းကင်ဘုံကိုရောက်တာနဲ့ ဘုရားသခင်ဟာ သိပ် မနာလိုဖြစ်လွန်းလို့ နောက်ထပ်အင်ဒီးယန်းတွေကို ဖန်ဆင်းဖို့ ရှစ်ရက်မြောက်နေ့မှာ အလုပ်လုပ်ခဲ့ရင်ကောင်းသားလို့ ဆန္ဒဖြစ်တော်မူတယ်။(ကြေကွဲမှု)
ကျွန်တော့်အမေ ဈပနာနဲ့ပတ်သက်လို့ အမှတ်ရတာက အတိတ်ရယ်၊ လက်ရှိဝမ်းနည်းမှုရယ်နဲ့ ရောစွက်နေတယ်။ ကျွန်တော့်ရဲ့ နားလည်ရခက်ပြီး ဆန့်ကျင်ဘက်ဒွိစုံတွေရောစွက်နေတတ်တဲ့ အမေဟာ သေပြီ။ သူ့ရက်လည်မှာ ဆိုးယုတ်လှတဲ့ ဖဲကစားကြတာကို သူဘာများ ပြောလိမ့်မလဲ။ ကျွန်တော်တို့က သေခြင်းတရားနဲ့ အနိစ္စတရားကို လှောင်ပြောင်ပြီး သူ့ကို ဂုဏ်ပြုကြတာမို့ သူလည်း ဂုဏ်ယူကောင်း ဂုဏ်ယူနေကြလိမ့်မယ်။
ဟားဟားဟားဟားဟား
ဟားဟားဟားဟားဟား
ဟားဟားဟားဟားဟား
ဟားဟားဟားဟားဟား
ကျွန်တော်ဟာ ရှေးခေတ်အာရှသားတွေ ကျွန်တော်တို့ဖြစ်လာစေတဲ့ ဒဏ္ဍာရီလာ ကုန်းမြေတံတားဆီသို့ မြောက်ဘက်လှည့်၊ လူဖြူတွေက ကျွန်တော်တို့ဟာ ဘယ်လိုဖြစ်တယ်ဆိုတာကိုယ်စားပြုဖော်ပြနေတဲ့ ဇာတ်လမ်းတွေကို စိန်ခေါ်နေတဲ့ ရှေးဟောင်းလက်နက်ကိရိယာတွေရှိတဲ့ ဂူရှိတဲ့ တောင်ဘက်ကိုလှည့်၊ ကျွန်တော်တို့ လူမျိုးတွေ အမျိုးပြုတ်အသတ်ခံရတဲ့ ပထမဆုံးနေ့ဖြစ်တဲ့ အရှေ့ဘက်ကိုလှည့်၊ ကျွန်တော် လက်ရှိနေတဲ့ အနောက်ဘက်ကိုလှည့်ပြီး အရပ်လေးမျက်နှာပြည့်အောင် ရယ်ပစ်လိုက်တယ်။
​အင်ဒီးယန်းတွေအတွက် နေထိုင်ဖို့ သတ်မှတ်ထားတဲ့ ကြိုးဝိုင်းနယ်မြေကနေ လွန်ခဲ့တဲ့ လေးဆယ့်နှစ်နှစ်က ထွက်လာခဲ့တယ်။ ကျွန်တော့်အမေနဲ့ မျိုးနွယ်ကို စွန့်ထားခဲ့တယ်။ မကြာသေးမီက ကြိုးဝိုင်းနယ်မြေနဲ့ပတ်သက်လို့ ဘာကို သတိအရဆုံးလဲလို့ လူဖြူလေးတန်းကျောင်းသားက မေးတဲ့အခါ ကျွန်တော်က ဝက်ဝံနက်ကြီးတစ်ကောင်က လုပ်ထားတယ်လို့ ကျွန်တော်တို့ပြောတဲ့ ထင်းရူးပင်ပေါ် ပေနှစ်ဆယ်အမြင့်က ခြစ်ရာထစ်ရာတွေကို သတိရတယ်လို့ ပြန်ဖြေလိုက်တယ်။

ဘဘဝ

ဘဘဝ
The short history of indigenous comedy by Sherman Alexie