The End of the Liberal Order

The End of the Liberal Order

လစ်ဘရာယ်နိဂုံးလော

လစ်ဘရာယ် နိဂုံးလော
လယ်ဘရာယ်နိဂုံးချုပ်ပြီလော အဆိုကို နီးဖာဂူဆန် ( Niall Ferguson ) ကပြောတယ်။ လစ်ဘရာယ် ကွန်ယက် အစီအစဉ်တိုင်း ဆက်သွားနေတယ် ဆိုတဲ့ ဘက်က ဖာရိဇာကရီးယား ( Fareed Zakaria ) ဆိုတယ်။ ဒိုင်လုပ်သူက ရုရပ် ဂရီဖစ် (Rudyard Griffiths ) ဖြစ်တယ်။ လစ်ဘရယ် နိတ္ထိတံ ပြီလား ဆိုတဲ့ခေါင်းစဉ် အောက်မှာ အခြေအတင် ဆွေးနွေးခဲ့တယ်။


ဆွေးနွေးပွဲဖြစ်ပေါ်လာခဲ့ပုံအကျဉ်း
၂၀၀၆ ခုနှစ်မှာ ပရဟိတသမားပီတာ (Peter Munk ) နဲ့မီလန်နီမတ် ( Melanie Munk ) လင်္မယား နှစ်ယောက်က အော်ရီယာ လို့အမည် ပေးထားတဲ့ ကုသိုလ် ဖြစ် အဖွဲ့တခုကို ကနေဒါ မှာစတည်ထောင် ခဲ့ကြတယ်။ ရည်ရွယ်ချက်က ပြည်သူ့မူဝါဒ ရေးရာ ဆွေးနွေးပွဲတွေ၊ သုတေသန တွေလုပ်ဘို့ ဖြစ်တယ်။ ဒီအဖွဲ့အစည်းရဲ့ဥက္ကဌ ကတော့ ရုရပ်ဂရီဖစ်ဖြစ်တယ်။ Munk Debate အောက်မှာ နိုင်ငံတကာ က အထင်ကရ အတွေးအခေါ်သမားတွေ၊ ပညာရှင်တွေ ဖိတ်ခေါ်ပြီး လူသားခြင်းစာနာမှုအရ ကြားဝင်ဖြေးရှင်းတဲ့ကိစ္စ ၊ နိုင်ငံတာ အကူအညီပေး မှုရဲ့ ထိရောက်မှု အတိုင်းအတာ ၊ ကမ္ဘာကြီး ပူနွေးလာနေမှု အန္တ္တရာယ်၊ ဘာသာရေးကြောင့် ပထဝီနိုင်ငံရေး အပြာင်းအလဲ၊ ဥရောပ အကျ တရုတ်နဂါးကြီး အထ စတဲ့အကြောင်းအရာတွေထိ ထဲထဲဝင်ဝင် ကိုင်တွယ် ပြီး ၂၀၀၈ ခုမေလ မှာ ပထမ ဆုံးဒီဘိတ် ကိုစတင် ခဲ့တယ်။ ဟင်နရီ ကစ်ဆင်ဂျာ ၊ လောရီဆန်းမား၊ ပေါခူမင် ၊ တိုနီဘလဲ ၊ ရောဘတ် ကာဂန် တို့ အစ ဂလန်ဂရင်းဝေါ တို့ပါ ဝင် ဆွေးနွေးခဲ့တယ်။ တနှစ် နှစ်ကြီမ် နှုန်းနဲ့ ဒီဘိတ် လုပ်လာခဲ့တာ လစ်ဘရာယ် နိဂုံး ဟာ အကြိမ် နှစ်ဆယ်မြောက် ပွဲ ဖြစ်ခဲ့ပြီ။ ( ဒီ ၂၀၀၈- ရွှေ ပြည် ကြီးမှာ တော့ စာအုပ် အစိမ်း က ၅၂ သန်း လူထု ရဲ့ လိပ်ပြာတွေ အမှောင် ကြခဲ့ပေါ့။ )
ဒီဘိတ် အဖွင့်
ရုရပ် ဂရီဖစ်က လူ ၃၀၀၀ အပြည့်ရှိနေတဲ့ ရိုင်း သောမဆန် ခန်းမ ကြီး ထဲ ရောက်ရှိ ပြီး သူ ကိုယ်သူ ပရိတ်သတ်နဲ့ စ မိတ် ဆက်တယ်။ ဒီဘိတ် စတင်တော့မယ့် အကြောင်း နဲ့အွန် လိုင်း ကနေကြည့်နေ တဲ့ပရိတ်သတ် များနဲ့ အတူ facebook live အပြင် ဆိုရှယ် မီဒီယာ မိတ် ဘက်တွေ ထဲက bloomberg့com ကနေ စောင့်မျှော် နားဆင်နေကြ သူတွေ ပါ ကြိုဆိုပါ ကြောင်း ထပ်လောင်းပြောတယ်။ ဒီ ဘိတ် ခေါင်းစဉ် ကြေငြာထားတဲ့ အတိုင်း လက်ရှိ ပထဝီ နိုင်င ံရေး ကို စီးပွား ရေး ၊ နိုင်ငံ ရေး အမြင် တွေ့ နဲ့ လစ် ဘရာယ် နိဂုံး ဟုတ် မဟုတ် တစ်ဦးခြင်း စီရဲ့ အမြင် သဘောထားတွေ အပေါ်အခို င်အမာရပ်တည်၊ အခြေ အတင် ငြင်းခုန် ဆွေးနွေး ကြ မယ်။ ဒု တိယကမ္ဘာစစ် ကြီး အပြီး ဂလိုဘယ် ဖြစ် စဉ် ထဲ မှာ နိုင်ငံ ပေါင်းစုံ ချိတ် ဆက် နေ ခြင်း ကို အမျိုးသားရေးဝါဒ ခေါင်းထောင် လာမှု၊ မိမိ အကျိုးစီးပွား ရှေ့ တန်း တင်ကာကွယ်လိုမှု နဲ့ ပေါ်ပြူလစ်ဇင် လှိုင်း တွေ မြင့်တက် လာနေတာ တို့ကြောင့် ဂလိုဘယ် ကွန်ယက် သိမ်ငယ်ဇောနဲ့မျော နေပြီ လား ဆိုတာ ဆွေး နွေး ဘို့ ဖိတ် ခေါ် ထား တဲ့ သူ တွေ နဲ့ အတူ အဖြေ ရှာ ကြ ဖို့၊ ရု ရပ် က နီး ဖာဂူ ဆန် နဲ့ ပရိတ်သတ် ကို မိတ်ဆက် ပေးတယ်။ နီး ဟာ လစ်ဘရယ် နိဂုံး ရောက်ပြီ အဆိုကို ထောက်ခံ ဆွေး နွေး မှာ ဖြစ်ကြောင်း ။ သူ ဟာ နာမည် ရ သမိုင်း ပညာရှင် တယောက် ဖြစ် သလို ရုပ် ရှင် ထုတ် လုပ် သူ တယောက် လည်း ဖြစ်တယ်။ သူရေးတဲ့ ဟင်နရီကစ်ဆင် ဂျာ စာအုပ် ကို အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်ကြောင်း ပြော ရုပ် ရှင် ဟာ နယူး ရောက် ရုပ် ရှင် ပွဲတော်ရဲ့ အကောင်း ဆုံး မှတ်တမ်း ရုပ်ရှင်ဆု ရခဲ့ တယ်။ စာ အုပ် ၁၄ အုပ် ပုံ နှိုပ် ထုတ် ဝေခဲ့ သလို ခေတ် ပြိုင် နိုင်ငံရေး နဲ့ စီးပွားရေး ဆိုင်ရာ ဆောင်းပါး တွေ လည်း လန် ဒန် ဆန်းဒေး တိုင်းစ်နဲ့ Boston Globe တွေ မှာ ရေးသားနေ တယ်။ ဗြိတိသျှ ခေတ် ပြိုင် သမိုင်း ပညာရှင်တွေ ထဲ မှာ အလွန် ထင်ရှား ကျော် ကြား သူ တယောက် အဖြစ် အသိအမှတ် ပြုခံ နေရဆဲဖြစ်တယ်။ သူ့ ကို ပရိတ် သတ် ကြိုဆို လိုက် ကြပါ ခင်ဗျား။
လစ် ဘရာယ် ကွန် ယက် ဖြန့် ကျက် နေတယ် ဆိုတဲ့ ဘက် က ခြေ ပ ပြော ဆို သူ ကတော့ ဖာရိ ဇာကရီးယား ။ သူ ကတော့ နိုင် ငံခြားမူဝါ ဒ ရေး ရာ မှာ သြဇာ တိကမ္မ ကြီးသူ တယောက် ဖြစ်တယ်။ ပထဝီ နို င်ငံရေး ကျွမ်း ကျင် တယ်။ ၂၀၁၀ ခု နှစ် ထုတ် foreign policy မဂ္ဂဇင်း က ကမ္ဘာ့ အတွေး အခေါ် ၁၀၀စာရင်း မှာ ဖာရိ ဇာကရီးယား ကို ရွေး ချယ်ခဲ့ ပြန်တယ်။ ၂၀၀၃ ခု နှစ်မှာ ထုတ် ခဲ့တဲ့ လွတ် လပ်ခြင်းရဲ့ အနာ ဂတ်စာအုပ် ဟာ ဘာသာ ပေါင်း ၂၅ မျိုး နဲ့ ထုတ် ဝေ ခဲ့ပြီး နယူးယောက်တိုင်း ရောင်း အကောင်းဆုံး စာအုပ် စာရင်း ဝင် ဖြစ်ခဲ့ တယ်။ (သူ့စာအုပ် တချို့ကို ဘုန်းသက်ပိုင်၊ နေဇင်လတ် တို့ ဘာသာပြန် ထားတာကို သတိထား မိတယ်။ ဒေါ် အောင်ဆန်းစုကြည် နဲ့ အင်တာဗျူး ခဲ့ပြီး CNN မှာ သူ ရဲ့ အစီအစဉ် တခု ဖြစ်တဲ လူထု ရှုထောင့် (GPS ) က ထုတ် လွှင့်ခဲ့တယ်။)
ဒီဘိတ် အားသာချက် တခုက ဆွေး နွေး ချက်တွေ အပေါ် ဝေဖန် ထောက်ပြ နိုင်တယ်။ ပရိတ် သတ် အမြင် သဘောထား ပေး နှိုင် တယ်။ ဘယ် ဘက် က ရပ်တည် ရမလဲ ဆိုတာ ပြိုင် ပွဲ တခု အ လား မဲပေး နှိုင်တယ်။ munkdebates.com/vote ကို ဝင် ရောက် အကဲ ဖြတ် ဘို့ အခွင့် အရေး ရှိတယ်။
ရု ရပ် ဂရီ ဖစ် က ၁၀ မိနစ် စာ လစ်ဘရာယ် နိဂုံး အဆိုရှင် နီး ဖာဂူ ဆန် ကို စ ဖွင့် ဖို့ တောင်းဆို လိုက်တယ်။
Niall Ferguson: အလွန် အရေး ကြီးတဲ့ အကြောင်း အရာ ကို ဖိတ် ခေါ် ဆွေး နွေး ခံ ရလို့ အလွန် အမင်း ကျေး ဇူး တင် ပါကြောင်း ရု ရပ် ၊ ပီတာ နဲ့ မီလန်နီ တို့ ကို ပနာမ နှုတ် ခွန်း ဆက် တယ်။
ဘုန်း တံခိုး နေ လ တောက်ပ ခဲ့တဲ့ ရှေ့ ခေတ် ရောမ အင်ပါယာ (Holy Roman Empire ) ကို ဘောတဲယား ( Voltaire) က ဘာဘုန်းမီး နေလ မှ မတောက် ပခဲ့ဘူး၊ ရှေ့ က ရောမ သားတွေ လည်း ထူးပြီးမကြီး ကျယ် မမြင့် မြတ်ခဲ့ သလို အင်ပါယာ တခုလည်း မဖြစ်ခဲ့ ဘူး လို့ အဓိပ္ပါယ် ဖွင့် ခဲ့ တဲ့ အတိုင်း လစ်ဘရာယ် ကွန်ယက် လွှမ်းခြုံမှု ပြဋ္ဌာန်းချက် ( Liberal International Order ) ဟာ လည်း လစ်ဘရာယ် လည်း မဟုတ် ကွန် ယက် မရှိ သလို ဘာ ဆို ဘာမှ စနစ် တကျ ရှိ မနေခဲ့ ပါဘူး။ ဒါပေမဲ့ တိုရန်တိုလို မြို့ကြီးမှာ ဒီအကြောင်း လာငြင်းခုံရတာ မိုက်မဲတယ်လို့ ဆိုရမလား။ ဒီ ခန်း မကြီး ထဲ မှာ ရှိနေ သူတွေ နဲ့ တိုရန် တို မြို့ သားတွေ ကတော့ ဒီ စကား လုံး သုံးလုံး ( L I O) ကို မဆန့် ကျင် မကန့် ကွက် ရဲ ဘူး ဆို တာ ကျနော် သိနေ ပါတယ်။ ခင်ဗျား တို့ အား လုံး ကတော့ လစ် ဘရာယ် သမားတွေ ဖြစ်နေကြ တယ်။ နိုင်ငံ တကာ နဲ့ ယှဉ် ပြိုင်ပြီး နေထိုင် နေ ကြတယ်။ စနစ် တကျ ရှိ နေ လည်ပတ် နေတဲ့ လူ့ အဖွဲ့ အစည်း ထဲ ရောက် နေ ခံစားနေရတဲ့ သူ တွေ အတွက်ကျနော် ခင်းကျင်း ပြော ပြ မဲ့ လစ်ဘရာယ် မရှိတော့ ဘူး ဆိုတာကို အိမ်တွင်းဖြစ် ကွန် ဆာဗေးတစ် ဝရုန်းသုန်းကား ဖြစ်စဉ်တွေ ကြားထဲမှာ မနှစ် မြို့ ယုံ မက နာခံ ခက်ခဲ နေကြ မှာပါ။ အမေရီ ကားမှာလက်ရှိ အခင်း အကျင်းတွေ ကို ကြည့် လိုက် ပါ။ ရှင်းရှင်းလင်းလင်း သိစေချင်တာက ကျနော့်အနေနဲ့ ဒေါ်နယ် ထရန့် ကို ကာကွယ်ပြောဆိုပေးဖို့ မဟုတ်ပါဘူး။ ဒါ အပြင် လစ်ဘရယ် ကွန်ယက် ဖြန့် ကျက်နေတာ လုံးဝ အချည်းနှီး ပါ လို့ ဒီ နေ ရာကနေ ခင်ဗျားတို့ကို သိမ်းသွင်း ပြော ဆို ချင်တာ လည်း မဟုတ် ရပါဘူး။ ပြဿနာ ကို မြင် အောင် ကြည့် စေချင်တာကြောင့်ပါ။ လစ် ဘရာယ် ကွန် ယက် ဖြန့် ကျက် ခြင်း ကဏ္ဍ လွန် မြောက် သွားပြီ ဆိုတာ ပြော နေတာသက်သက်ပါ။


ပွင့်ပွင်းလင်းလင်း မညှာတမ်းပြော ကြ ပါစို့၊ ဖာရိ ။ လစ်ဘရာယ် ရဲ့ အကျိုး ၊ ခံစားခွင့် ရှိ နေ ကြတဲ့ သူတွေ ထဲမှာ ခင်ဗျား ကျနော် ရယ် ၊ ပီတာ နဲ့ လူတချို့ လောက်ပါ။ လက်ချိုး ရေလို့ ရနေသေးတဲ့ပမာန။ ဒါဘိုမြို့ (Davos, Switzerland ) နဲ့ အက်ပင်မြို့ (Aspen, Colorado USA) လို နေရာဒေသမှာ ရှိတဲ့ လက် တစ်ဆုပ်စာ လူ တစု ကသာ ခင်ဗျား ကျနော် တို့ လိုဘဲ လစ်ဘရာယ် လှိုင်း စီး၊ ပျော်မြူးနေ ကြသူတွေ ပေါ့။ ခင် ဗျား ကတော့ ဒီ နေရာ တွေ ဒီ လူတွေနဲ့ သူတော် အချင်းချင်း သီတင်းလွေ့ လွေ့ရှိနေတာ မဟုတ်လား။ မကောင်းဘူးလို့ ပြောနေတာ မဟုတ်သလို ဒါ ကို ကျနော် မလိုတမာ ပြောနေ တာ မဟုတ်ပါဘူး။ ကျနော် က ဒီ နေရာ လေး ကွက် ကွက် ထဲသာ ကြွယ် ပိုး ကြွယ်ဝ ဖြစ်နေတာထက် သာမန်လူအများ စုက လစ်ဘရာယ် အကျိုး ခံစားခွင့် မရတာကို သာပြောနေတာ။ ဒီခန်းမ ထဲ က ပရိတ် သတ် တွေ လို ခံစားခွင့်ရှိ မနေတဲ့ ကမ္ဘာ သူ ကမ္ဘာသားတွေ ကို ညွှန်း ဆို ပြောနေတာ။
အောက်ခြေ လူထု အမေရီကန် တွေ ၊ မြောက် အမေရီကားရှိ အခြေခံ လူတန်းစားတွေ။ ကနေဒါ နေ အခြေခံ လူတန်းစားတွေ ဒီ လယ်ဘရာယ် အကျိုး ခံစားနေပြီလား။ ဥရောပတိုက်ရှိအခြေခံလူတန်းစားတွေ၊ ဖာရိ နဲ့ ကျနော် လာခဲ့ တဲ့ အရပ် တွေက ပြည်သူတွေ ဒီရလဒ် တွေ ခံစား ခွင့် ရနေ ပြီလား။ ကနေဒါ ကို ရောက် မလာ နိုင်တဲ့ စကော့တလန် တွေ။ CNN အပေါ် ရောက် မလာနှိုင်တဲ့ အိန္ဒိယ မွတ် ဆလင် တွေ။ အဲဒီ အရပ်ဒေသ က လူ တွေ လို တခြား ကမ္ဘာသူ ကမ္ဘာ သားတွေ အတွက်ဒါ ဘို ၊ အက်ပင် လှိုင်းတွေ ကို မမြင် ဘူး။ မခံစားဘူး ဆိုတာ သေချာ နေတယ်။
အကြံတခု ပြုတဲ့ အနေနဲ့ လေးလေးနက်နက်ချင့် ချင့် ချိန် ချိန် ပြန် စဉ်းစားစေ ချင်တာ က ဂလို ဘယ်လိုက်ဇေးရှင်းဟာ အရှိန်လွန်သွားခဲ့ပြီဆိုတာပဲ။ ဒီ ဇာတ် သိမ်း ကောင်းမှုကြောင့်ကပ် ဘေးကြီး ၂ခု ရလိုက်တယ်။ ငွေကြေးကပ် ဘေးဒုက္ခ နဲ့ ရွှေ့ ပြောင်း အခြေ ချ တဲ့ လူတွေ မြင့်တက် လာနေ တဲ့ ဘေးဒုက္ခ ။ ကျနော်တို့ကတော့ ဒီလို ပူလောင်နေတဲ့အချိန်မှာ တခါက ရွှေထီးဆောင်း ခဲ့၊ ရွှေအိုရောင် တောက်ခဲ့တဲ့ ဘဝတွေကို စာမြုံပြန်လို့ မဆုံးကြသေးဘူး။ ၁၉၄၅ နောက်ပိုင်းကတည်းက ကမ္ဘာဟာ ငြိမ်းချမ်းသာယာ ရှိခဲ့တယ်။ လစ်ဘရာယ် နိုင်ငံတကာ အင်စတီကျူးရှင်းတွေ ကျေးဇူးကြောင့်ပေါ့။ ကမ္ဘာ့ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင် ရာငွေကြေး ရံပုံငွေအဖွဲ့၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်း တွေ ပေါ်လာခဲ့တာ စသဖြင့်။ ဘာကြောင့် ပေါ်ပြူလစ် လူ့ဘီလူးတွေက ဒါတွေ အားလုံး ကို မီးသဂြိုလ် ချင်ရတာလည်း။ ငြိမ်းချမ်း သာယာခဲ့တဲ့ အတိတ် တွေကို ဖက်တွယ် ပြီး ဒီအပ်ကြောင်းထပ်နေတဲ့ ဓါတ်ပြားဟောင်းကြီးကို သက်တောင့်သက်သာ ထပ်ခါထပ်ခါ ဖွင့်နေတာ သိပ်ကို အန္တရာယ် ကြီးလှတယ်လို့ ကျနော်မြင် တယ်။ ဒါ လစ်ဘရာယ်ရဲ့ အကျိုးရလဒ် မဟုတ်ခဲ့ဘူး။ ဒါသမိုင်းအတု သာဖြစ်တယ်။ ဒါတွေ အမှန် မဟုတ်ဘူးဆိုတာ ကွင်းကွင်း ကွက်ကွက်ပေါ်အောင် ကျနော်ေ ပြာ မယ်။ ဘာကြောင့် လစ်ဘရာယ် မဟုတ်ဘူးလို့ ပြောရသလဲ။ အကျိုးအမြတ်တွေ အားလုံးကို တရုတ် ကြီးကဘဲ အကုန်သိမ်းကျူံး ရသွားခဲ့တာကြောင့်ဘဲ။
တရုတ်ကြီးသာ အောင်နိုင်သူဖြစ်ခဲ့တယ်။ ၁၉၈၀ ခုလောက်ပြန် သွားကြည့်ရအောင်။ အမေရီကားနဲ့ကနေဒါ ရဲ့စီးပွားရေးဟာ ကမ္ဘာ့စီးပွားရေးတခုလုံးရဲ့ လေးပုံတစ်ပုံ ပမာဏရှိနေချိန်မှာ တရုတ် ကြီးစီးပွားရေးက နှစ်ရာခိုင်နှုန်း လောက်ဘဲ။ ခု ဘယ်လောက် မြင့်တက် သွားနေပြီလဲ။ ကမ္ဘာ့ရဲ့ဆယ့်ရှစ်ရာခိုင်နှုန်း လောက် ခုပိုင်ဆိုင်နေ တယ်။ အမေရီကန်နဲ့ ကနေဒါ နှစ်နိုင်ငံပေါင်း စိးပွားရေးက တရုတ် စီးပွားရေးအောက် မဆိုသလောက် အောက်ဆင်းသွားပြီ။ ကမ္ဘာ့ကြီး တခုလုံးရဲ့ စီးပွားရေး ဆယ့်ရှယ့်ရာခိုင်နှုန်းတရုတ် နဂါးကြီးခေါင်းထဲရောက် သွားနေချိန်မှာ အမေရီကားနဲ့ကနေဒါ နှစ်နိုင်ငံပေါင်း က ဆယ့်ခုနှစ် ရာခိုင်နှုန်း ဘဲ။ ဒီ နှုန်းထား အတိုင်း ဆိုရင် ၂၀၂၁မှာ တရုတ်ဟာ ကမ္ဘာ့စီးပွားရေး ရဲ့ ငါးပုံတပုံအထိ မြင့်တက် လာနိုင်တယ်လို့ အပြည်ပြည် ဆိုင်ရာငွေကြေး ရံပုံငွေအဖွဲ့ရဲ့ စစ်တမ်းအရ သိနေရပြီ။


တစ်ပါတီစနစ်၊ တရုတ်ကွန်မြူနစ် အီလိတွေကသာ ကမ္ဘာ့စီးပွားရေး အများဆုံး သိမ်းပိုက်သွား ခဲ့တာ ဘယ်လိုဖြစ်တာလဲဗျ၊ အံ့ချီးဘွယ်ကောင်း လှတဲ့ လစ်ဘရာယ် ပြဋ္ဌာန်းချက် ဆိုတာ။ ဒါတွင်ဘယ်ကမလဲ။ ဖာရိ- လစ်ဘရယ် မဟုတ်တဲ့ ဒီမိုကရေစီတွေမှာ ရွေးကောက်ပွဲ ရှိတယ် ၊ တရားဥပဒေမစိုးဘူး။ Illiberal Democracy လို့ ခင်ဗျား ၁၉၉၇ လောက်ရေးခဲ့တဲ့ ဆောင်းပါးတခု ကိုပြန်သတိရစေတယ်။ ခုကြည့် လိုက်တော့ အဲဒီဟိုမရောက် ဒီမရောက် နိုင်ငံတွေဟာ လစ်ဘရယ် စနစ်အောက်မှာ ကောင်းကောင်း အလုပ်ဖြစ်ခဲ့ကြတယ်။ ခင်ဗျား အဲဒီဆောင်းပါး ရေးခဲ့တဲ့အချိန်ကနေ ဒီနေ့အထိ နိုင်ငံတွေကို လစ်ဘရယ် စံနှုန်းနဲ့ ပြန်တိုက်ကြည့်ရင် ထူးမခြားနား အချိုးအစားပဲ မဟုတ်လား။ တချို့နိုင်ငံတွေဆို လွတ်လပ် ခွင့်တွေ ပိုမို ဆုံးရှုံး လာနေ တာဘဲ။ ရုရှား၊ ဗင်နီဇွဲလားကို သာ ကြည့်ပေတော့။ ဥပဒေစိုးမိုး ရမလေ၊ လွတ်လပ်ခြင်း နှင့် မသွေ၊ ဒို့ပြေ ၊ ဒို့မြေ ဆိုတဲ့သီချင်းတောင် ပိုတိတ်ဆိတ် လာနေပြီး ဒီမိုကရေစီ အမောဖောက်နေတဲ့ အချိန်လို့ တောင်ဆို ရမလိုဘဲ။ အမြတ်ထွက် သွားတဲ့ တရုတ်ကြီးကို လစ်ဘရယ် ပေတံနဲ့ တိုင်းကြည့်ပါဦး။ သူ့လွတ်လပ်မှု အဆင့် က ၁၇၃/၁၉၅ ဘဲ။ လစ်ဘရယ် ပြဋ္ဌာန်းချက်ကျုံ့ သွားသလို နိုင်ငံတကာ ပြဋ္ဌာန်းချက်လည်း ဆုတ်ယုတ် သွားခဲ့တယ်။
ဂလိုဘယ်ကာလအတွင်း ဘယ်လို လူတွေပို အကျိုးအမြတ်ရခဲ့လဲ။ တကယ်တော့ အီလိအတွင်းလူတွေသာ လွှမ်းခြုံထားတဲ့ ပြဋ္ဌာန်းချက်ကြီးလို့ ကျနော်တို့ ခေါ်ဝေါ်သင့်တယ်။ အဓိက အမြတ်ထွက်ခဲ့ကြသူတွေကို ကြည့်လိုက်ရင် တတ်သိပညာရှိကြတဲ့ ကံထူးရှင် လက်တစ်ဆုပ်စာ အီလိတွေ၊ အဖိုးတန် ကုန်မာ ပိုင်ဆိုင်မှု အမြောက်အများလက်ဝယ် ပိုက်ထားတဲ့လူတွေ။ ဒါကို ပီတာ (Peter Munk) ပိုသိမှာပေါ့။ လစ်ဘရယ် ကနေဒါတောင် ဒီကာလထဲမှာ အကျိူး ခံစားခွင့် မညီမျှမှုတွေ မြင့်တက် လာခဲတယ်။ ၁၉၈၀ ခုနှစ်ကစပြီး လူတဦးချင်း ဝင်ငွေ ကာဟမှု (Gini Coefficient) မြင့်မား လာနေတာ မဟုတ်လား။ ငွေကြေး ကပ်ကြီး မဆိုက်ရောက်မီ ရွှေရောင်နေ့ရများ ကာလထိ ဓနထိပ်သီး ၁ ရာခိုင်နှုန်း ထံမှာ ငွေတွေစုနေခဲ့တယ်။ ကနေဒါ အချမ်းသာဆုံး ဝ.၁ ရာခိုင်နှုန်းထံ စီးဆင်းသွားတဲ့ ဝင်ငွေ အချိုးအစား ဟာ ဒုတိယကမ္ဘာစစ် မဖြစ်မီက လိုပဲ မြင့်မားနေတယ်။ နိုင်သူအကုန်စား ဆိုတဲ့ လစ်ဘရယ်ကွန်ယက်လွှမ်းခြုံမှု နောက်ဆက်တွဲ ရလဒ်ဟာ အပြောတခြား အလုပ်တခြား ဂလိုဘယ် လိုက်ဇေးရှင်း ရဲ့ ပါရာဒေါက်တခုပါပဲ။
ကျနော်ပြောတာ မမှားဘူးဆိုရင် ဒီဂလိုဘယ်လိုက်ဇေးရှင်း (ရဲ့မညီမျှမှုတွေ) ကို ဝင်ထိန်းဖို့ အားထုတ်နေတာ ပေါ်ပြုလစ်တွေချည်းဘဲတော့ မဟုတ်ဘူး။ ကနေဒါ (အစိုးရ) ကိုကြည့်။ ကနေဒါ အိမ်၊ ခြံမြေဈေးကွက်ကို တရုတ်တွေနဲ့ နိုင်ငံခြားသားတွေ က ဘန်ကူးဘား၊ တိုရန်တို စသဖြင့်တွေမှာ အလုံးအရင်း နဲ့ ဝင်ရောက် ရင်းနှီးမြှပ်နှံ လာနေတာကြောင့် သူတို့ဆီက တံဆိပ်ခေါင်းခ အခွန် တိုးတောင်းဘို့ လောလောလတ်လတ် ပြဌာန်းလိုက် ရတယ်လေ။ တိုရန်တို အိမ်၊ ခြံမြေ ဈေး ဟာ ၂၀၀၀ ခုနှစ် နဲ့ နှိုင်းယှဉ်ရင် ၃ ဆ တက် သွားခဲ့ပြီ။
ပြောခဲ့တာတွေ ပြန် ချုပ်ရရင် လစ်ဘရာယ်လွှမ်းခြုံမှုဟာ စနစ်တကျ မဖြစ်ထွန်းခဲ့ဘူး။ ဒီလွှမ်းခြုံ ပြဋ္ဌာန်းချက် ဆိုတာကလည်း ကုလသမဂ္ဂ ကြောင့်မဟုတ်သလို ၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်းနဲ့လည်း လားလားမှ မဆိုင်ပါဘူး။ အမေရိကန် ပြည်ထောင်စု၊ စစ်ရေးစွမ်းပကားနဲ့ သူ့ရဲ့ မဟာမိတ်တွေ၊ သူတို့ဦးဆောင်တဲ့ အင်စတီကျူးရှင်းတွေက ပြဋ္ဌာန်းခဲ့တာ။ ဖာရိရေးတဲ့ စာအုပ်တွေထဲမှာ ပါတာပဲ။ ဒီနေရာမှာ အမေရိကန် ပါဝါအခြေပြု အမေရိကန် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး (Pax Americana) ကို သူနဲ့ ဆန့်ကျင်ဘက် စုပေါင်းခေါင်းဆောင်မှု ပေးရတဲ့ ကုလသမဂ္ဂလို အဖွဲ့အစည်းတွေ နဲ့ ရောထွေး မစဉ်းစားမိဖို့လိုတယ်။ အမေရီကန်ရဲ့ ငြိမ်းချမ်းရေးကြောင့် ငြိမ်းချမ်း ရးရဖို့ဆိုတာ ဝေလာဝေး ပြီး ဗရုတ်သုက္ခတွေဘဲ မြင်တွေ့နေရတယ်။ အစ္စလာမ်မစ် အစွန်းရောက်မှု ဝါဒတွေ ပေါ်လာပြီး နှစ်စဉ် လူပေါင်းထောင်သောင်းချီ စတေးခံနေရသလို၊ သန်းချီပြီးနေရပ် စွန့်ခွါ ထွက်ပြေးနေရတယ်။ နျုကလီးယား အပြိုင်တပ်ဆင်မှု ကြည့်မလား။ မြောက်ကိုရီးယား ဒုန်းကျည် စမ်းသပ်လွှင့်တင်မှု ဒီည အစီအစဉ်မှာ ကံတရားက မျက်နှာသာပေးလို့ပေါ့။ စမ်းသပ်မှု မအောင်မြင် လိုက်တာ။ ဒါလား လစ်ဘရာယ် ကွန်ယက်ဖြန့် ကျက်နေသေး တာ။ ဒီစကားလုံးဟာ ကျုပ်အဖို့တော့ ကြားရတာ တော်တော်ထော်လော် ကန့်လန့်နိုင်တာဘဲ။


ကြွရောက်လာခဲ့ကြတဲ့ဂုဏ်သရေရှလူကြီးမင်းများခင်ဗျား-
ဒီမှာ တစ်စုံတစ်ခု မှားနေတာ သိဖို့အတွက် ကျနော်တို့တတွေ အမေရီကန် သမ္မတ ဒေါ်နယ်ထရန့်ကို ထောက်ခံစရာမလိုဘူး။ ခင်ဗျား ပေါ်ပြူလစ် တယောက်ဖြစ်ဘို့ လည်းမကြိုးစားပါနဲ့။ ကျနော်ကိုယ်တိုင် ခံယူတဲ့ ဂန္တဝင် လစ်ဘရယ်သမားအဖြစ်နဲ့ လုပ်ပြဖို့ပါပဲ။ ဒီမှာ အသိအမှတ် ပြုဖို့က ဂန္တဝင် လစ်ဘရယ်ဝါဒ (classical liberalism) ရဲ့ အကြီးဆုံး အန္တရာယ်ဟာ ပြည်သူ့ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ရွေးကောက်ခံ အစိုးရ၊ ဥပဒေအရ အုပ်ချုပ်မှုကို အခြေခံတဲ့ လွတ်လပ်တဲ့ လူ့ဘောင်ကို သေးသိမ်စေတဲ့ အထိန်းအကွပ်မဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတာပဲ။
ကြွရောက်လာ ခဲ့ကြတဲ့ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျား-
L-I- O လို့ စကားလုံးပေါင်းတဲ့ လစ်ဘရာယ်ကွန်ယက်ဖြန့်ကျက်မှု အစီအစဉ် ဟာ လိမ်ညာ တာသက်သက်တခု(L-I-E) ထက်မပိုပါဘူး။ ဘာလစ်ဘရာယ်မှ မဟုတ်သလို တကယ်လည်း နိုင်ငံတကာလွှမ်းခြုံတဲ့ ပြဋ္ဌာန်းချက်လည်း မဟုတ်။ တကယ့် ဝရုန်းသုန်းကားပါ။ လစ်ဘရာယ် လွှမ်းခြုံမှုပြဋ္ဌာန်းချက်ဆိုတာ ပြီးဆုံးသွားခဲ့ပါပြီ ရောင်းရင်းတို့။
အားလုံး ကိုကျေးဇူးတင်ပါတယ်။


Rudyard Griffiths :အင်မတန်အားရစရာဖွင့်ဆိုချက်ကို နီး-ပြောပြီးတော့ ဖာရိဇာကရီးယား ( Fareed Zakaria ) ကို ဆယ်မိနစ်စာပြောပေးပါ ဖိတ်ခေါ် လိုက်ပါတယ်ခင်ဗျာ။
Fareed Kazaria း ကျနော်ကို ဒီလိုစင်မြင့်ပေါ်မှာတကူးတက ဖိတ်ခါ် စကားစစ်ထိုးခိုင်းတာ အတိုင်းထက် အလွန် ဂုဏ်ယူ ဝမ်းမြောက် မိ ပါကြောင်းနဲ့ ရုရပ်ကိုပါ ကျေးဇူး တင်ရှိပါကြောင်း ပြောပါရစေ။ တချိန်တည်း မှာဘဲ ရိုးရိုးသားသား ဝန်ခံရမယ်ဆိုရင် နီးဖာဂူဆန်လို အကျော်ဇေယျ ပုဂ္ဂိုလ် မျိုးကို အခြေအတင် ပြောဖို့ရာ အလွန်မတန်မှဘဲ စိုးရိမ်ကြောက်ရွံ့ ခဲ့ပါတယ်။ သူ့လို စာပေ ကျမ်းဂန်လည်း မနှံ့စပ်ပါ။ အောက်စ်ဖို့ဒိဂရီလည်း ကျနော့မှာ မရှိ။ အင်္ဂလိပ်လေသံမာန်၊ ဟန်အပြည့်နဲ့ လည်း စကားမာယာ မကြွယ်။ ကြားခဲ့ရတဲ့အတိုင်း နီးလ် ပြောသွားခဲ့တာ ရေပက် မဝင်အောင် ကိုဘဲ ခမ်းနားကြီးကျယ်လှပါတယ်။ ဗော်တဲယားနဲ့ စပြီး ဖွင့်ဆိုပြောတာသာ ကြည့်ပါတော့။ သူ့လို အရည်အချင်း ရှိမနေတဲ့ ကျနော် အဖို့တော့ ရိုးသားစွာဘဲ ကျနော်သိ တာလေးတွေသာ ဒီနေရာမှာ ပြောပါ မယ်။


ဘဘဝ

Bo Bo Win

BBW worked as an Engineer and founder of Yanant Thit Myanmar Restaurant. He loves to write poems and articles since U time. He published the books and sharing to public as well.

Now the founder of Yanant Thit , BBW has a mission to do publish English version of articles and poems to the public.

Social Links